ကျန်စစ်မင်းအကြောင်း
အနော်ရထာမင်း(အနိရုဒ္ဓ)လွန်သော် သူ၏သားတော် စောလူးမင်း နန်းတက်သည်။ စောလူးမင်းအားသူ၏ငယ်သူငယ်ချင်းဖြစ်သူ ငရမန်ကန်းက ပုန်ကန်ဖမ်းဆီးသွားသဖြင့် ကျန်စစ်သားက သွားရောက်ကယ်တင်ရာ စောလူးမင်းက ကျန်စစ်သား သူ့အားခိုးယူသည်ဟု အော်လေသဖြင့် စောလူးမင်းကို ထားခဲ့ရလေသည်။ ရန်သူလက်ချက်ဖြင့် စောလူးမင်းကံကုန်သည်တွင် ပုဂံပြည်တွင် ကျန်စစ်သားမင်း နန်းတက်လေသည်။ ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်ထီးနန်းကို အေဒီ ၁၀၈၄ တွင် ဆက်ခံခဲ့သည်။ အနော်ရထာမင်းကြီး၏ အားထားရသော သူရဲကောင်းတစ်ယောက်ဖြစ်သည့် ကျန်စစ်သားသည် အနော်ရထာထူထောင်ခဲ့သော နိုင်ငံတော်ကိုမပြိုကွဲအောင် စည်းရုံးဆောင်ရွက်နိုင်ခဲ့သည်။ မွန်-မြန်မာ ချစ်ကြည်စွာနေထိုင်ရေးကို အားပေးသည့်အနေဖြင့် သူရေးထိုးခဲ့သော ကျောက်စာများတွင် မွန်ဘာသာကိုလည်း ထည့်သွင်းစေခဲ့သည်။ ဆည်၊ မြောင်း၊ ကျောင်း၊ ကန်များကို နိုင်ငံတော်အနှံ့ ဆောက်လုပ်စေခဲ့သည်။ သာသနာတော်ကို ချီးမြှောက်၍ ဘုရား၊ စေတီ၊ ဂူပုထိုးများလည်း တည်ထားခဲ့သည့်အပြင် ဗုဒ္ဓဂါယာရှိ ပျက်စီးယိုယွင်းမှုများကို တမန်များစေလ...